ShweRooms ShweRoom
 
  Log in:
Email:
Password:
 
Myanmar's No. 1 Property Portal
 
 
  
Job for cheated by worman
Ad ID: J-1559
Posted on 13 Apr 2010 8:43 pm
Viewed 241 times
Salary: 
1800 or other
Will apply for: 
S Pass
Contact no.: 
Email: 
Email not shown by user
Job Description: 


စင်ကာပူတွင် မခင်ဝါ၀ါလွင် (ယခု ကိုယ်ဝန် နှင့်) ဆိုသူသည် အလုပ်အကိုင်ရရှိမည်ဆိုပြီး
လိမ်နေပါသည်။ အလုပ်အင်တာဗျူးမသွားခင်လုပ်ခတစ်
လစာတောင်းပါသည်။ကျွန်တော်အပါအ၀င် သူငယ်ချင်း တစ်ယောက်၊ နောက်ပြီး
ကျွန်တော်စုံစမ်းရသလောက် (သုံးလေးငါးယောက် လောက့် ဖြစ်ပါသည်။
သူ့ဖုန်းနံပါတ်မှာ 98065589 ဖြစ်ပြီး သူ့အလုပ်ကြော်ငြာမှာ shweroom.com
မှ Job ထဲတွင် တွေ့ ရပါမည်။ အသိပေးခြင်းဖြစ်ပါသည်။ နောက်လာနောက်သားများ
ကျွန်တော့်လိုမလိမ်ခံရစေရန် ..







Reply by myanmarwomen April 11, 2010 at 1:30 am


ထိုအမျိုးသမီးမှာ grace ( yin thanda aung)ဆိုသော အမျိုးသမီးဖြစ်သည်။ အမည် ပြောင်းတတ်သည်။ ဖုန်းလည်း ပြောင်းပါ

သည်။ shwerooms.com တွင် မျိုးစုံ သုံးပြီးကြော်ငြာပါသည်။
တွေ့ဆုံရန်နေရာကို လည်း ခဏခဏ ပြောင်းချိန်းပါသည်။ အလွန်လည်ပါသည်။
shwerooms.com တွင် သူမကို သတိထားရန် ထည့်ထားသော
ကြော်ငြာများအမြောက်အများရှိပါသည်။ ထိုအခါ သူမသည် အလွန်ရှိုင်းစိုင်းသော
စကားများဖြင့် ပြန်ရေးပါသည်။ shwerooms.com မှ admin များဘာကြောင့်
ပေးတင်သလဲမသိပါ။ ဖျက်သင့်ပါသည်။ ထိုအမျိုးသမီးအကြောင်း
ဖြန့်ဝေပေးသင့်ပါသည်။ နောက်လူများ မဖြစ်အောင်ဖြစ်ပါသည်။ ထိုအမျိုးသမီး အား
singapore ရဲစခန်းမှ ကိုယ်ဝန်ကြောင့်လည်းကောင်း၊ ကလေးများ လူမမည်
ဖြစ်နေသောကြောင့် လည်းကောင်း အာမခံဖြင့် လွှတ်ထားခြင်းဖြစ်ပါသည်။
ထိုကြောင့် သူမ လွန်စွာရဲတင်းပါသည်။ clementi ရှိ သူမနေထိုင်သော အိမ်နားမှ
ရဲစခန်းတွင် သူမ အား တိုင်တန်းထားသော အမှုများ အမြောက်အမြားရှိပါ သည်။






Reply by myanmarwomen April 11, 2010 at 1:34 am


Singapore နိုင်ငံတွင် အလုပ်ရှာသူများအထူးသတိပြုနိုင်ပါရန်

Singapore နိုင်ငံတွင် အထူးသဖြင့် visit pass နှင့်တက်လာပြီး
အလုပ်ရှာသူများနှင့် ရန်ကုန်မှ Singaproe Jobs ကို Internet ပေါ်မှ
လှမ်းရှာနေသောသူများ သတိပြုနိုင်ရန်အတွက် စေတနာရှေ့ထားပြီး ရေးသားရ
ခြင်းဖြစ်ပါသည်။ ကိုယ်တွေ့ဖြစ်ပါသည်။ အခြားသူများ
ထပ်မံဖြစ်မည်စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

(၁) အမည် - Grace (or) Yin Thanda Aung (အခြားအမည်များရှိပါအုံးမည်။ ကျွန်မသိသည်မှာ ထိုအမည် သာဖြစ်သည်။)
- Show quoted text -

(၂) အသွင်အပြင် - စကားအပြောအလွန်ချိုပါသည်။
(အလုပ်မအပ်သေးခင်ဖြစ်သည်။ပိုက်ဆံ အကုန်မပေးသေးခင်ဖြစ်သည်။)
အရပ်မြင့်မြင့်၊ ခပ်၀၀၊ အသားခပ်လတ်လတ်၊ ဆံပင် အရှေ့တွင် မလေးမ
များလုပ်ထားသည့် အတိုင်း ခပ်ဖောင်းဖောင်းလုပ်ထားပါသည်။ မလေး မ များ ပုံစံ
ဝတ်ဆင်တတ်သည်။ စိန်၊ ရွှေအပြည့် ၀တ်ဆင်ထားပါသည်။
ပိုက်ဆံအိတ်ကြီးကြီးကိုင်ပါသည်။ ကုလားဆင်ဖြစ်သည်။ ဗိုက်ပူပါသည်။
(ကိုယ်ဝန်ဟုပြောပါသည်၊ ဟုတ်မဟုတ်မသိပါ)။ ကလေးနှစ်ယောက်ရှိပါသည်။
(ကျွန်မကို လိမ်စဉ်အခါက ပုံစံဖြစ်ပါသည်။ ယခု မည်သည့်ပုံစံဖြင့်
လှုပ်ရှားနေသည်ကို မသိပါ)
(၃) တွဲဖက်လူလိမ် - ၀၀တုတ်တုတ်၊ အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊
အရပ်မြင့်မြင့်၊ (Foreigner agent)။ (သူမအပြောဖြစ်ပါသည်။) (ကျွန်မအထင်
မြန်မာအမျိုးသမီးပဲဖြစ်ပါမည်။)
(ကျွန်မကို လိမ်စဉ်က သုံးသော agent ဖြစ်ပါသည်။)
(၄) ဖုံးနံပါတ် - 84794805, 81369006, 98065589 (အခြား ဖုန်းများရှိပါအုံးမည်။ ကျွန်မသိသည်မှာ ထိုဖုန်းများသာဖြစ်သည်)
(၅) လိပ်စာ - Blk 334, #09-64 , clementi Ave 2 (ယခုမည်သည့် လိပ်စာဖြင့်
လှုပ်ရှားနေသည်ကို ကျွန်မ မသိပါ။ ကျွန်မကို လိမ်သွားစဉ်က လိပ်စာဖြစ်ပါသည်။)
(၆) တွေ့ဆုံနေရာ - အင်တာဗျူးတွေ့သည့်အခါ၊ s.pass form ဖြည့်သည့်အခါ၊
ပိုက်ဆံပြန်တောင်းလျှင်ချိန်းသည့်နေရာ၊ စာရွက်စာတမ်းများတောင်းလျှင်
ပြန်ပေးသည့် နေရာများမှာ IMM အောက်ထပ်ရှိ စားသောက်ဆိုင်များ၊ IMM
လေးလွှာရှိ canteen ၊ Clementi MRT တို့ဖြစ်ပါသည်။ (ကျွန်မကို လိမ်စဉ်က
ဖြစ်သည်။ ယခု မည်သည့် နေရာများတွင် လုပ်နေသည်ကို မသိပါ)။
Grace ဆိုသော အမျိုးသမီးမှာ အလွန်တရာ ဥာဏ်နီဥာဏ်နက်များသော သူဖြစ်ပါသည်။
သူမသည် spass ရမည်ဟု ဆိုကာ အထက်တွင် ဖော်ပြထားသော တွဲဖက်လူလိမ် (foreigner
agent) နှင့်ပေးတွေ့ပါသည်။ တချို့သူများ ပေးတွေ့ခြင်း၊
အင်တာဗျူးခြင်းမခံရပဲ spass form ဖြည့်သူများလည်း ရှိပါသည်။
အလုပ်လုပ်ရမည့် Company အမည် ၊ လိပ်စာ၊ position တိတိကျကျ မသိရပါ။ spass
form မဖြည့်ခင် agent fees ကို အကြေတောင်းပါသည်။ ရပြီးမှ form
ဖြည့်ခိုင်းပါသည်။ spass ကို တင်ပေးမည်ဟု ပြောပြီး ဒီနေ့ online တင်မည်၊
နောက်နေ့ online မရ၊ mail ဖြင့် တင်သည်။ နောက်တစ်နေ့ online
ကပြန်ရသွားပါပြီ။ ထိုသို့ ထိုသို့ဖြင့် အချိန်ကို ဆွဲထားပါသည်။ visit pass
ဖြင့် လာသူများ အချိန်သာ ကုန်သွားပါမည်။ အလုပ်ရမည် မဟုတ်ပါ။ အချိန်ကြာမှ
လိမ်မှန်းသိပြီး ငွေပြန်တောင်းပါက မပေးမဟုတ်ပါ။
ပြန်ပေးပါသည်။(အကုန်လုံးတော့ မဟုတ်ပါ)။ (အချိန် မည်မျှ ကြာမှ ပြန်ရမည်ကို
မသိနိုင်ပါ) သူတောင်းစားတောင်းသလို တောင်းရပါသည်။ Singapore သို့
အလုပ်လာရှာသူများသည် အနည်းဆုံးတော့ ဘွဲ့ တစ်ခုရပြီး လာသူများဖြစ်ပါသည်။
ထိုအမျိုးသမီးထံတွင် ငွေကြေးများ ပြန်လည် ရယူရန်တောင်း သောအခါ
တော်တော်လေးကို အောက်ကျခံပြီး တောင်းရပါသည်။ ကျွန်မ အတော်လေးကို
သည်းခံပါသေးသည်။ သို့သော် ထိုအမျိုးသမီးထံသို့ agent fees အနေဖြင့်
ပေးသောငွေများမှ အလကားရသော ပိုက်ဆံများမဟုတ်ပါ။ မည်သူမဆို ချွေးနှင့်
ရင်းပြီး ရှာဖွေထားသော ငွေကြေးများဖြစ်ပါသည်။ ကျွန်မ လောက် ပညာမတတ်၊
အသက်အရွယ်အားဖြင့်လည်း ငယ်ပြီး ပိုက်ဆံပြန်တောင်းသောအခါ မခြေမငံ
ပြောဆိုခြင်း၊ ဆဲဆိုခြင်း၊ စကားအနိုင်ပိုင်းပြောဆိုခြင်းများ ခံရသောအခါ
ကျွန်မ မျက်ရည်ကျမိပါသည်။ ကျွန်မနည်းတူ မျက်ရည်ကျသူများလည်း ရှိပါအုံးမည်။
ယခုထိ ကျွန်မ ပိုက်ဆံ အကုန်ပြန်မရသေးပါ။ တောင်းနေဆဲဖြစ်ပါသည်။ သူမတွင်
ဆင်ခြေပေါင်းများစွာ ရှိပါသည်။ agent fees အကုန်မရခင်အထိ
စကားပြောဆိုခြင်းများ အလွန်တရာချိုပါသည်။ ဖုန်းလည်း ခေါ်ဆိုတိုင်း
ကိုင်ပါသည်။ agent fees အကုန်ပေးပြီးပါက s.pass တင်ထားသော ကိစ္စများ
မေးမြန်းပါက စတင်ပြီး ဖုန်းဖြေဆိုမှုများမှာ ဖြည်းဖြည်းခြင်းနည်းလာပါသည်။
message ပဲပို့ပါတော့သည်။ လူလည်း အတွေ့မခံတော့ပါ။ သူမ အိမ်သို့ သွားလျှင်
တံခါးမဖွင့်ပေးပါ။ အိမ်ထဲတွင် လူရှိသော်လည်း ငြိမ်ပြီးနေပါသည်။ (ကျွန်မ
ကိုယ်တွေ့)။ (သူမ၏ ကလေးများပင်လျှင် အိမ်ရှေ့မှ တံခါးခေါက်လျှင် ငြိမ်ပြီး
နေရမည်ကို သိနေပါသည်ဟု တဆင့်စကားမှ သိရပါသည်။)
ကျွန်မကဲ့သို့သော အဖြစ်မျိုးများမဖြစ်အောင် အလုပ်ရှာဖွေရာတွင်
သတိပြုပါရန်နှင့်၊ မြန်မာလူမျိုးများပီပီ နိုင်ငံ ရပ်ခြားများတွင်
လိမ်လည်နေသော မြန်မာ လူမျိုးများအကြောင်းကို တတ်အားသရွှေ့ အခြားလူများ
ထပ်မံမဖြစ်ပွားစေရန် ရေးသားစေလိုပါသည်။ နိုင်ငံရပ်ခြားတွင်
လူမျိုးအချင်းချင်း သာမက ၊ လူသားတိုင်းအပေါ် ကိုယ်ချင်းစာနာစိတ်ဖြင့်
ကိုယ်တတ်အားသရွှေ့ ရိုင်းပင်းကူညီမှသာလျှင် ကျွန်မတို့ မြန်မာလူမျိုးများ
အမည် ဂုဏ် သတင်း ရှိပါမည် မဟုတ်ပါပေလား .......
 
 
 
Share on Facebook  Share on Facebook
 
 
 
 ShweLove.com
Members
 

 

 

 

 

 

 
  
  
 
iMyanmarHouse.com - Best Property and Real Estate Portal for Myanmar!
ShweGames - Play Games for Free

 
ShweSG.com

Copyright © 2008-2025 ShweRooms.com | All rights reserved.
Home | Post Advertisement | General Ads | Rooms for Sale | Info Knowledge | Jobs
Advanced Search | Map | MRT Map | Myanmar Horoscope | English Horoscope
Exchange Rate History | Currency Converter | Directory | Recipes
Learn English | Events | Dhamma Radio | Myanmar Hostels | Terms of Use
iMyanmarAds.com | iMyanmarHouse | CarsDB | iMyanmarMarket | iMyanmarGroup.com
Advertise on ShweRooms.com | Contact
Brought to you by ZillionTech