Master room Beside Eunos MRT
Ad ID: R-10931071
Posted on 5 Sep 2024 11:08 pm
Viewed 166 times
Nearest MRT/LRT: | Eunos  |
MRT/LRT Line: | East West Line (Green)  |
Price: | 1650 |
For gender: | Both Male and/or Female |
Cooking allowed: | Yes |
Available from: | 1 OCT 2024 |
Contact no.: |  |
Email: | Email not shown by user |
Location map: | View Map  |
Description: | အိမ်ခန်းကြော်ငြာ မလို့ပါ။
-1st Oct 24မှာစတင်နေနိုင်ပါပြီး
အိမ်မှာတော့ ဒီမိုကရေစီ100%ပါနော်
-ရောင်းမှာ မဟုတ်ပါဘူး။ ပြန်ရှယ်ပြီး ငှားတာပါ။ တစ်အိမ်လုံးလည်း မဟုတ်ပါဘူး။ master bedroom တခန်းစာပါ
-ကျနော်တို့ကတော့ ညပိုင်းပဲ အိပ်ဖြစ်ပါတယ်။ နေ့ပိုင်းက အလုပ်သွားလုပ်ကြတယ်။
-Eunos MRT နဲ့ကပ်လျက် BLK36 မှာပါ သုံးမီးနစ်ဆိုအိမ်ရောက်ပါတယ်လေ
-စျေးတွေ foodcourt တွေနဲ့ နီးပါတယ်။ ချက်စားလိုသူများ wet market လည်း ရှိသလို၊ ကျနော်တို့လို အချက်အပြုတ် ပျင်းတဲ့လူတွေအတွက် အိမ်အောက်မှာ foodcourt ရှိပါတယ်။ တရုတ်စာ၊ မလေးစာ၊ အနောက်တိုင်းစာ အကုန်ရသလို မြန်မာအစားအစာအတွက် မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းလည်း အိမ်ကနေ ခုနစ်မီးနစ်လောက်လမ်းလျောက်ရင် ရောက်ပါတယ်လို့ ကုသိုလ်ပြုရင်း အလှူအတန်းမှာ သွားစားလို့ ရပါတယ်။
-PUB includeမို့ အချိန်ကန့်သတ်မထားသလို ဝင်ရိုးစွန်းမှာနေရသလိုမျိုး အေးတဲ့အထိ အဲကွန်းဖွင့်လို့ရပါတယ်။
-အင်တာနက်က မြန်နှုန်းမြင့်ဘရော့ဘန်းတပ်ထားလို့ wifi ချိတ်ပြီး ဖေ့ဘုတ်ကနေ လောကကြီးနဲ့ အဆက်မပြက် အချိန်နဲ့တပြေးညီ နေလို့ရပါတယ်။
-အားကစားလိုက်စားချင်သူတွေအတွက်လည်း အဆင်ပြေအောင် Gym တွေ ရေကူးကန်တွေ ဘောလုံးကွင်းတွေ ပိုက်ကျော်ခြင်းကစားကွင်း အိမ်နဲ့မလှမ်းမကမ်းမှာရှိပါတယ် အိမ်ပေါ်မှာတော့ မဟုတ်ပါဘူး။
-စင်္ကာပူ တစ်နိုင်ငံလုံး ဘယ်နေရာမဆို သွားလာနိုင်ဖို့ အဆင်ပြေပါတယ်။ အိမ်ဘေးမှာ မှတ်တိုင်ရှိပါတယ်။ မိုးရွာလည်း ထီးမလိုပါဘူး။ ကားစီးပြီး သို့မဟုတ် MRT သွားလိုက်ရုံပါပဲ။
-ကဲ ... ဒီလို နေချင်စဖွယ် နေရာလေးမှာ master room တခန်းလွတ်နေပါတယ်။ Couple or friend နေလို့ရပါတယ် ။
- October လဆန်းမှာစတင်နေလို့ ရပါပြီ။
# မှတ်ချက်အနေနဲ့ကတော့
🤬စစ်ကောင်စီအားပေးသူများ
🤬ကြံဖွတ်နဲ့မဘသအနွယ်ဝင်များ
လုံးဝလက်မခံပါခမျာ
🤔ကိုယ်နေမယ့်အိမ်ကို လာမကြည့်ပဲ
ဓာတ်ပုံပို့ခိုင်း သူများ
🤔Video ပို့ခိုင်းသူများလည်း
အလိုမရှိပါလို့😁
မိသားစုသဖွယ် အေးအေးဆေးဆေးနေလိုသူများ
ဆက်သွယ်နိုင်ပါတယ်ခမျာ
စျေးနှုန်းကတော့ $1600 အပြီးအစီး ပါခမျာ
**အိမ်မှာဒီမိုကရေစီ အပြည့်အဝပေးထားပါသည်
ကိုယ့်ကြောင့်ပတ်ဝန်းကျင်မငြိုငြင်ရင်ရပြီလေ
မိသားစုသဖွယ်အေးဆေးနေလိုသူများဆက်သယ်ပေးကြပါခမျာ
Contacts -
93375961 |
Photos: |
No photos uploaded by user. |